Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀-၈၀၀၀၀)ကျပ်၊နှမ်းနက် (၉၅၀၀၀မှ၉၃၀၀၀) ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၇၉၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းနက် တစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၃၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၉၅၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုတစ်ပတ်တွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် (၂၀၀)ကျပ်မြင့်တက်သွားပြီး နှမ်းညို တစ်တင်းလျှင် (၅၀၀)ကျပ်ကျဆင်းသွားကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၅၀၀မှ၆၇၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၈၀၀)ကျပ်ရှိပြီး ယခင် တစ်ပတ်အတွင်းကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၇၀၀မှ၆၈၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ(၆၃၀၀) ကျပ်ပေါက်ဈေးရှိ ပါသည်။  ယခင်တစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက လုံးဆံဖြူ တစ်ပိဿာ (၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ(၅၀၀) ကျပ်ခန့် ကျဆင်း သွားကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News